Latest News

တောင်ကြီး၊ ပလီလင်းဒေသ ခိုးမှုများလာပြီး၊ ဖမ်းမိသူကို ရဲကခံဝန်ကတိထိုးပြီး ပြန်လွှတ်ပေး၍ ဒေသခံများ စိုးရိမ်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၅ https://www.facebook.com/share/p/179ahgNXeo/ တောင်ကြီးမြို့ ပလီလင်းရွာမြောက်ဘက်ဒေသတွင် ခိုးမှုများ ဆက်လက်များလာသည့်အလျောက် ဖမ်းမိသူများကို ရဲတပ်ဖွဲ့မှ ခံဝန်ကတိထိုးပြီး အချုပ်အနည်းငယ်အပြီး လွှတ်ပေးခြင်းများ‌ကြောင့် ဒေသခံများက စိုးရိမ်နေကြရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပလီလင်းမြောက်ဘက်ရှိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရွာအချို့တွင် သံထည်ပစ္စည်းများ(သံတို၊သံစ) များအပြင် ဆိုင်ကယ် ခိုးခံရမှု များပြားလာပြီး ဖမ်းမိသည့် သူခိုးများကို ရဲတိုင်ကြားသော်လည် ခံဝန်ကတိ ထိုးခိုင်းကာ…

မိုင်းရှူးက ရွှေဆိုင် ဓါးမြတိုက်ခံရမှု ခုထိအမှုမှန်မပေါ်ပေါက်သေး

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၅ https://www.facebook.com/share/p/1BG7FPLKDr/ မိုင်းရှူးမြို့တွင် ရွှေ ၆၀ သားနှင့် ငွေကျပ်သိန်း ၂၀၀ ကျော်ဓါးမြတိုက်ခံရသည့်ရွှေဆိုင် ယခုချိန်ထိ အမှုမှန်နှင့် တရားခံ ဖမ်းမိခြင်းမရှိသေးကြောင်း မြို့ခံ ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်သည်ပြီးခဲ့သည့်ဩဂုတ်လ ၁၂ ရက် ညနေပိုင်း ၄ နာရီခွဲ ဝန်းကျင်က ဓါးမြတိုက်ခံရကာ ရွှေ…

အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား ရှေ့တန်းတွင်သေဆုံး (၆)လကြာမှ မိသားစုဝင်များသိရ

ခမ်းသားငေါဝ်း သြဂုတ် ၁၃၊ ၂၀၂၅ https://www.facebook.com/share/p/14EEuCGiH5K/ တောင်ကြီးတွင် စစ်တပ်မှ အတင်းအဓမ္မ စစ်မှု‌ထမ်းခေါ်ဆောင်ခြင်းခံရသော စစ်မှုထမ်းတပ်သား(၁)ဦး ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးခဲ့ပြီး (၆)လကြာမှ မိသားစုဝင်ထံ အသိပေးကာ နောက်ကျမှ နာရေးလုပ်ခွင့်ရကြောင်း သိရသည်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်‌မှာ နေထိုင်သည့် မောင်ချမ်းမြေ့အောင်(ခ) အောင်အောင် ဆိုသူကို စစ်တပ် စစ်မှုထမ်း‌ အပတ် စဉ်(၁)တွင် ပါသွားခဲ့ပြီး…

ဂျပန်တွင် အလုပ်လုပ်ကိုင်နေသည့်ပအိုဝ်း လူငယ် တစ်ဦး ကားမှောက်ပြီး သေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၉၊၂၀၂၅ https://www.facebook.com/share/p/19fGbhaVy2/ ဂျပန်နိုင်ငံ မွေးမြူရေး လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းလူငယ်(၁)ဦး ကားဘရိတ်ပေါက်ကားမှောက်ပြီး သေဆုံးသွားကြောင်း သိရသည်။ ဂျပန်နိုင်ငံ ကာဂါဝါခရိုင်Takamatsu Konancho တွင် Forklift ဖြင့် မြက်ခြောက်နှင့် အခြားပစ္စည်းများ သယ်ဆောင်နေစဉ် မောင်းနှင်မှုအမှားအယွင်းဖြစ်ခဲ့ပြီး ကားမှောက်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် အသက်(၂၇)နှစ်အရွက် ‌ခွန်ကျော်သူဖြစ်ပြီး ဂျပန်ရောက်နေစဉ် အိမ်ထောင်ပြုသည်မှာ…

တောင်ကြီးမြို့တွင် ကျပ်သိန်း ၁ ရာကျော် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၅ https://www.facebook.com/share/p/174L69iELT/ တောင်ကြီးမြို့တွင် ဩဂုတ်လ(၅)ရက်နေ့၌ ကျပ်သိန်း ၁ ရာကျော် တန်ဖိုးရှိသည် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘုရားဖြူရပ်ကွက်နေ အမျိုးသားတစ်ဦး၏ နေအိမ်ကိုမနေ့ ည ၇ နာရီ ၄၅ မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က…

You missed